← GlideMouse

Privacy

Last updated: 7 October 2026

English

GlideMouse has no advertising, analytics, tracking SDKs or developer-run accounts. Mouse events, app-specific mappings and settings are processed and stored on your Mac. They are not sent to the developer. Keyboard shortcuts are recorded only when you explicitly start shortcut recording.

Diagnostics remain local unless you choose to export and share them. Exported files may include macOS version, device names, app identifiers and mouse-event details. Review a file before sharing it. Importing and exporting settings only reads or writes files you choose.

The direct-download edition can check for updates through Sparkle using GitHub-hosted files. GitHub receives normal network request information such as your IP address. You can turn automatic checks off in Settings. The Mac App Store edition uses Apple’s update system and contains no Sparkle updater.

Email, website and support links open services you choose to visit. Those services have their own privacy policies. To remove local settings, quit the app and remove its settings folder from Application Support (or its macOS sandbox container for the Store edition).

Contact: minnkhantthu.ucsy@gmail.com · Minn Khant Thu

မြန်မာ

GlideMouse မှာ ကြော်ငြာမပါသလို အသုံးပြုပုံကို ခြေရာခံတဲ့စနစ်လည်း မပါပါဘူး။ အကောင့်ဖွင့်စရာလည်း မလိုပါဘူး။ Mouse ခလုတ်နှိပ်တာ၊ ဘီးလှည့်တာနဲ့ app တစ်ခုချင်းအတွက် ရွေးထားတဲ့ဆက်တင်တွေကို ကိုယ့် Mac ထဲမှာပဲ လုပ်ဆောင်ပြီး သိမ်းထားပါတယ်။ ရေးသားသူဆီ မပို့ပါဘူး။ Keyboard shortcut ကိုလည်း ကိုယ်တိုင်မှတ်ယူခိုင်းတဲ့အချိန်မှာပဲ မှတ်ယူပါတယ်။

ပြဿနာစစ်ဆေးဖို့ သုံးတဲ့ဖိုင်တွေကလည်း Mac ထဲမှာပဲ ရှိပါတယ်။ ကိုယ်တိုင်ထုတ်ယူပြီး မျှဝေမှ တခြားသူဆီ ရောက်ပါတယ်။ အဲဒီဖိုင်တွေမှာ macOS ဗားရှင်း၊ ချိတ်ထားတဲ့ပစ္စည်းအမည်၊ app ကို ခွဲခြားတဲ့အမည်နဲ့ mouse အသုံးပြုမှုအသေးစိတ်တွေ ပါနိုင်ပါတယ်။ မမျှဝေခင် ဖိုင်ထဲက အချက်အလက်တွေကို ဖတ်ကြည့်ပါ။ ဆက်တင်သွင်းတာ၊ ထုတ်တာတွေမှာလည်း ကိုယ်ရွေးထားတဲ့ဖိုင်ကိုပဲ ဖတ်ပြီး သိမ်းပေးပါတယ်။

Website ကနေ ဒေါင်းလုဒ်လုပ်ထားတဲ့ GlideMouse က ဗားရှင်းအသစ်ရှိမရှိ စစ်ဖို့ Sparkle နဲ့ GitHub ကို သုံးပါတယ်။ စစ်တဲ့အချိန် GitHub ဆီ IP address လို ပုံမှန်ချိတ်ဆက်မှုအချက်အလက်တွေ ရောက်ပါတယ်။ အလိုအလျောက်စစ်တာကို ဆက်တင်မှာ ပိတ်ထားနိုင်ပါတယ်။ Mac App Store ဗားရှင်းကတော့ Apple ရဲ့ update စနစ်ကိုပဲ သုံးပါတယ်။

Email၊ website နဲ့ အကူအညီတောင်းဖို့ လင့်ခ်တွေကို နှိပ်ရင် သက်ဆိုင်ရာဝန်ဆောင်မှုကို ဖွင့်ပေးပါတယ်။ အဲဒီဝန်ဆောင်မှုတစ်ခုစီမှာ ကိုယ်ရေးအချက်အလက် မူဝါဒ သီးခြားရှိပါတယ်။ ဆက်တင်တွေကို အကုန်ဖယ်ရှားချင်ရင် app ကို ပိတ်ပြီး Application Support ထဲက ဆက်တင်ဖိုင်တွဲကို ဖျက်နိုင်ပါတယ်။ Store ဗားရှင်းဆိုရင် သက်ဆိုင်ရာ macOS sandbox container ထဲမှာ ရှိပါတယ်။

ဆက်သွယ်ရန် — Minn Khant Thu · minnkhantthu.ucsy@gmail.com

简体中文

GlideMouse 不包含广告、分析或跟踪 SDK,也不要求开发者账户。鼠标事件、按应用设置和偏好仅在你的 Mac 上处理及保存,不会发送给开发者。只有你主动开始录制时才记录键盘快捷键。

诊断文件保存在本地,仅在你主动导出并分享时才离开设备。文件可能包含 macOS 版本、设备名称、应用标识和鼠标事件详情,请在分享前检查。导入和导出仅操作你选择的文件。

直接下载版本通过 Sparkle 检查 GitHub 托管的更新。GitHub 会收到 IP 地址等常规网络请求信息;你可以在设置中关闭自动检查。Mac App Store 版本仅使用 Apple 的更新系统,不包含 Sparkle。

邮件、网站和支持链接会打开你选择访问的服务,其隐私政策另行适用。联系开发者 Minn Khant Thu:minnkhantthu.ucsy@gmail.com。